၂၀၁၆ခုနှစ်သည် အာဆီယံအသိုက်အဝန်းတည်ဆောက်ခဲ့သည့်ပထမနှစ်ဖြစ်သကဲ့သို့ တရုတ်-အာဆီယံဆွေးနွေးရေးဆက်ဆံမှုထားရှိခဲ့သည့် ၂၅နှစ်ပြည့်မြောက်နှစ်လည်း ဖြစ်ပါသည်။ တရုတ်-အာဆီယံစင်တာအတွင်းရေးမှူးချုပ် ယမ်ရှုဖိန်က မကြာခင်က သတင်းထောက်များ နှင့်တွေ့ဆုံရာတွင် တရုတ်-အာဆီယံဆက်ဆံမှုမှာ ခိုင်မာသော ပူးပေါင်းဆောင်ရွက်ရေး အခြေခံအုတ်မြစ်ရှိပြီး ရှေ့အလားအလာများစွာရှိကြောင်း၊ နှစ်ဖက်တို့အနေနှင့် အခွင့် ကောင်းကို လက်မလွတ်ဘဲ နှစ်ဖက်တို့၏ ဘုံအကျိုးစီးပွားအတွက် လက်တွဲ ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။