တရုတ်-အာဆီယံ အသံလွှင့် ရုပ်ရှင် ရုပ်မြင်သံကြား ပူးပေါင်းဆောင်ရွက်မှု စားပွဲဝိုင်း

2016-09-08 10:59:47 |သတင်းအရင်းအမြစ် 国际在线

၃ ရက်ကြာ ကျင်းပမည့် တရုတ်-အာဆီယံ အသံလွှင့် ရုပ်ရှင် ရုပ်မြင်သံကြား ပူးပေါင်းဆောင်ရွက်မှု စားပွဲဝိုင်း အစည်းအဝေးကို ၇ ရက်နေ့က တရုတ်ပြည် ကွမ်ရှီးပြည်နယ် နန်နင်မြို့၌ ဖွင့်လှစ်ခဲ့ရာ တရုတ်နှင့်၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာ၊ စင်ကာပူနှင့် ဘရူနိုင်း အပါအဝင် အာဆီယံ နိုင်ငံမှ မီဒီယာ ကိုယ်စားလှယ်များသည် အစည်းအဝေးသို့ တက်ရောက်ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်သည် One Belt One Road သဘောတူညီမှုကို စုစည်းပြီး မီဒီယာများ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအား ပေးခြင်း ဖြစ်သည်။

တရုတ် နိုင်ငံတော် အသံလွှင့် ရုပ်ရှင် ရုပ်မြင်သံကြား ဦးစီးဌာနက ယခုအကြိမ် အစည်းအဝေးကို ဦးစီးကျင်းပခြင်း ဖြစ်သည်။