တရုတ် Glory Society လုပ်ငန်း ဒယ်ဟုန် လှုပ်ရှားမှု သတင်းစာရှင်းလင်းပွဲ ကျင်းပ

2016-09-08 11:01:25 |သတင်းအရင်းအမြစ် 国际在线

ယနေ့ ၇ ရက်နေ့နံနက်ပိုင်းက ပီကင်းတွင် ကျင်းပသော သတင်းစာရှင်းလင်ပွဲ၌၊ တရုတ်ယူနန်ပြည်နယ် ညီညွတ်ရေးတပ်ပေါင်းစုဦးစီးဌာန ဒုညွှန်ချုပ် မာချွမ်းက၊ တရုတ် Glory Society လုပ်ငန်း ဒယ်ဟုန် လှုပ်ရှားမှုကို လာမည့် စက်တင်ဘာ ၁၃ ရက်နေ့တွင် ယူနန်ပြည်နယ် ဒယ်ဟုန်တိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲ၌ ကျင်းပသွားမည်ဖြစ် ကြောင်းကြေညာခဲ့သည်ဟု စီအာအိုင်ကဖော်ပြသည်။

ယခုအကြိမ်လှုပ်ရှားမှု၏ အဓိက ဆောင်ပုဒ်မှာ One Belt and Road အပေါ် ကိုးကား၍၊ ဆင်းရဲမှု ပပျောက်စေပြီး၊ သာယာလှပသော ဒယ်ဟုန်ဒေသတည်ဆောက်ကြ ဟူ၍ဖြစ်သည်။ လှုပ်ရှားမှုအတောအတွင်း ရင်းနှီးမြှုပ်နှံမှုအစီအစဉ်စာချုပ်ချုပ်ဆိုပွဲ၊ ပရဟိတ အစီအစဉ်လှူဒါန်းရေးအခမ်းအနားနှင့် လုပ်ငန်းရှင်များကြည့်ရှုစစ်ဆေး ရေးလှုပ်ရှားမှုများ ကို ပြုလုပ်မည်ဖြစ်သည်။

တရုတ် Glory Society လုပ်ငန်းသည်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ညီညွတ်ရေးတပ်ပေါင်းစုဝန်ကြီးဌာနနှင့် ပြည်လုံးဆိုင်ရာ စက်မှုကုန်သွယ်ရေးညွတ်ပေါင်း အဖွဲ့တို့၏ တွန်းအားပေးမှုအရ၊ ပုဂ္ဂလိက ပုဂ္ဂိုလ်များက ၁၉၉၄ ခုနှစ်မှစ၍၊ စတင် ဆောင်ရွက်ကြသည့် ဆင်းရဲမှုပံ့ပိုးကူညီရေးလုပ်ငန်းတစ်ရပ်ဖြစ်သည်ဟုသိရသည်။