တရုတ်နှင့် အာဆီယံနိုင်ငံများ "ပင်လယ်ပြင်၌ ရှောင်သခင် ဆုံတွေ့ စည်းမျဉ်း" ကို တောင

2016-09-09 14:48:38 |သတင်းအရင်းအမြစ် 国际在线

ယခုလ ၇ ရက်နေ့က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပသော ၁၉ အကြိမ် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် တရုတ်နှင့် အာဆီယံ နိုင်ငံများသည် တရုတ်နှင့် အာဆီယံနိုင်ငံများ "ပင်လယ်ပြင်၌ ရှောင်သခင် ဆုံတွေ့ စည်းမျဉ်း" ကို တောင်ပင်လယ်၌ပါ အသုံးပြုရေး စာတမ်းကို စိစစ် အတည်ပြုခဲ့ကြောင်း ဆင်ဟွာ သတင်း အရ သိရပါသည်။

ယင်းသည် ဒေသတွင်းနိုင်ငံများ သွေးစည်းညီညွတ်ပြီး တောင်ပင်လယ် ငြိမ်းချမ်း တည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အရေးကြီး အောင်ကျိုးရလဒ် တစ်ရပ် ဖြစ်သည်။