တရုတ်၊ ဖိလစ်ပိုင် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း တရုတ

2016-09-12 09:35:16 |သတင်းအရင်းအမြစ် 新华网

ဗီယင်ကျန်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန် က တရုတ်နိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံ တို့သည် ၄င်းတို့၏ တည်ငြိမ် ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှု ကို သိရှိနားလည်စေရန် နှစ်နိုင်ငံဆက်ဆံရေး အား ပုံမှန်လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိအောင် အတူတကွ ချိတ်ဆက်ကာ ဆောင်ရွက်သင့်ကြောင်း စက်တင်ဘာလ ၈ ရက် က တိုက်တွန်းပြောကြားခဲ့သည်။

လီက လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့သည့် အရှေ့အာရှ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးပွဲ ပြင်ပ၌ ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေး နှင့် တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒူတာတေး က ဖိလစ်ပိုင်-တရုတ် ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် လိုလားကြောင်း နှင့် လီ၏ ပြောကြားချက်များသည် ၄င်းလုပ်ဆောင်မည့် အခြေခံမူများ အနက် တစ်ခုကို ကိုယ်စားပြုကြောင်း ပြောကြားခဲ့သည်။ (Xinhua)