ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ဝန်ကြီးများ အစည်းအဝေး ကျင်းပ

2016-09-12 10:11:23 |သတင်းအရင်းအမြစ် 国际在线

ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ဝန်ကြီးများ အစည်းအဝေးကို ဒေသစံတော်ချိန် ၈ ရက်နေ့က လန်ဒန်မြို့၌ ကျင်းပခဲ့ရာ နိုင်ငံ ၇၀ ကျော်မှ ကာကွယ်ရေးဝန်ကြီး သို့မဟုတ် ကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းမှ ကိုယ်စားလှယ်များသည် အစည်းအဝေးသို့ တက်ရောက်ကြကြောင်း၊ တရုတ် နိုင်ငံတော် ကောင်စီဝင်နှင့် ကာကွယ်ရေး ဝန်ကြီး ချမ်ဝမ်ချွမ်သည် အစည်းအဝေး တက်ရောက်ပြီး ငြိမ်းချမ်းမှု ထိန်းသိမ်းရေးလုပ်ငန်းကို ထောက်ခံခြင်း၊ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ဆောင်ရွက်မှု မြှင့်တင်ခြင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို လက်တွဲ ထိန်းသိမ်းခြင်း ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ချမ်ဝမ့်ချွမ်က၊ တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေး လမ်းကြောင်းကို တလျှောက်လုံး စွဲကိုင်ပြီး ကမ္ဘာ့ငြိမ်းချမ်းမှု ထိန်းသိမ်းရေးအတွက် အစွမ်းကုန် ကြိုးပမ်း နေကြောင်း ပြောကြားသည်။

အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တာဝန်ခံ ဒုအတွင်းရေးမှူးချုပ် လာဒ်စိုသည် တရုတ်ပြည်၏ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးလုပ်ငန်းအတွက် အပြုသဘောဆောင်သော အကျိုးပြုစွမ်းဆောင်မှုကို မြင့်မားစွာ ချီးကျူးခဲ့ကြောင်း သတင်းရရှိပါသည်။