အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး ရု

2016-09-12 10:14:13 |သတင်းအရင်းအမြစ် 国际在线

သုံးရက်ကြာ ကျင်းပသော အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှ ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကို ၈ ရက်နေ့က ဗီယင်ကျန်းမြို့၌ ရုပ်သိမ်းခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင်  လာအို ဝန်ကြီးချုပ် သွန်လွန်က၊ အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အာဆီယံနိုင်ငံများသည် အာဆီယံ အသိုက်အဝန်း ၂၀၂၅ မျှော်မှန်းချက်နှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြကြောင်း ပြောကြားသည်။

သွန်လွန်က၊ တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် တရုတ်-အာဆီယံ သံအဆက်အသွယ် ထားရှိသည့် ၂၅ နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး ပူးတွဲ ကြေညာချက်နှင့် အခြား အောင်ကျိုးရလဒ် စာတမ်းများကို အတည်ပြုခဲ့ကြောင်း၊ အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များသည် ယင်းစည်းအဝေးစနစ်ကို အရှေ့အာရှ အသိုက်အဝန်း ရည်မှန်းချက် အကောင်အထည် ဖေါ်ဆောင်ရေးဆိုင်ရာ စနစ်အဖြစ်ထားရန် ထပ်လောင်း အတည်ပြု ပြောကြားကြကြောင်း ပြောကြားသည်။