လီခေ့ချန်က ဖိလစ်ပိုင်သမ္မတနှင့် တွေ့ဆုံဆွေးနွေး

2016-09-12 10:16:43 |သတင်းအရင်းအမြစ် 国际在线

ဒေသစံတော်ချိန် ၇ရက်နေ့က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်တွင် ကျင်းပသော အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်စဉ် အတောအတွင်း တရုတ်ဝန်ကြီးချုပ် လီခေ့ချန်သည် ဖိလစ်ပိုင်သမ္မတ ဒူတာတေနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ ဒူတာတေက တရုတ်နှင့် ဆက်ဆံမှုကို ကောင်းမွန်အောင် ပြုပြင် ပြောင်းလဲရန် ဆန္ဒကို ဖော်ပြခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

လီခေ့ချန်က နှစ်ဖက် အတူတကွ ကြိုးပမ်းဆောင်ရွက်မှုဖြင့် တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှု ပြန်လန်ပုံမှန်ဖြစ်လာရန်၊ မှန်မှန်တိုးတက်ရန် တွန်းအားပေးဘို့မျှော်လင့်ကြောင်း၊ ပြောကြားပါသည်။ ဒူတာတေကလည်း ယင်းသည် မိမိ စွဲကိုင်သော မူတစ်ရပ်ဖြစ်ကြောင်း၊ ဖော်ပြပါသည်။