သိန်း ၇ ထောင်ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖားကန့် မြို့ နယ် အတွင်း ဖမ်းဆီးရမိ

2016-09-12 10:40:56 |သတင်းအရင်းအမြစ် 新华网

ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ)

ကချင် ပြည်နယ် ၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ၊ ဆိုင်းတောင်- တာမခံသွား လမ်းမပေါ်တွင် မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးပေါ်တွင် ဆာလာအိတ်များအတွင်း ဆပ်ပြာခွက်ဖြင့် ထည့်ထား သည့် ဘိန်းဖြူအလေးချိန် ၇.၇၄၃ ကီလို ၊ တန်ဖိုးငွေကျပ် ၇,၃၅၅.၈၅ သိန်းကို သိမ်းဆည်း ရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ ထုတ်ပြန်ခဲ့သည်။

မူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၈ ရက်တွင် TOYOTA SURF မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်နောက်ခန်းရှိ ဆာလာအိတ်များအတွင်းမှ ဘိန်းဖြူ ဆပ်ပြာခွက် ၆၁၆ ခွက်ကို သိမ်းဆည်း ရမိခဲ့သဖြင့် ယာဉ်မောင်းနှင်လာသူအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။(Xinhua)