တရုတ် အခြေခံ ပညာရေး ကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်ရမည်ဟု ရှီကျင့်ဖိန်ဆို

2016-09-12 11:30:13 |သတင်းအရင်းအမြစ် 国际在线

စက်တင်ဘာ ၁၀ရက်နေ့သည် တရုတ်ပြည်၏ ကျောင်းဆရာများနေ့ ဖြစ်သည်။ ၉ရက်နေ့ နံနက်ပိုင်းက တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပီကင်းမြို့ ဘာယီ စာသင် ကျောင်းသို့သွားရောက်ပြီး ကျောင်းဆရာဆရာမ၊ ကျောင်းသူကျောင်းသားများကို ကြည့်ရှုခဲ့ ကြောင်းစီအာအိုင် သတင်းအရ သိရသည်။

ထိုသို့ကြည့်ရှုရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က အခြေခံ ပညာရေးသည် အမျိုးသား ပညာရေး စနစ်တွင် အခြေခံကျပြီး ရှေ့ဆောင်မှုရှိသော နေရာ၌ ရှိကြောင်း၊ တရုတ်ပြည်၏  အခြေခံ ပညာရေး တစ်နေ့တခြား ကောင်းမွန်စေရေး အတွက် ပါတီ၏ ပညာရေးလမ်းစဉ်ကို ဘက်စုံ လက်တွေ့ဖော်ဆောင်ရမည် ဖြစ်ကြောင်း အလေးထား ပြောကြားသည်။