ဂျီ20 အပြီး ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူရေး အတွက် တရုတ် ပိုမိုကြီးမားသော အကျိုြး

2016-09-12 11:44:48 |သတင်းအရင်းအမြစ် 国际在线

  ဥရောပ သမဂ္ဂ ကော်မတီ ဥက္ကဋ္ဌဟောင်း၊ အီတလီ ဝန်ကြီးချုပ်ဟောင်း၊ ဘောဂဗေဒ ပညာရှင် ရိုမာနို ပရိုဒီက ၈ရက်နေ့က စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် ဂျီ20 ဟန်ကျိုး ထိပ်သီး အစည်းအဝေးသည် လက်ရှိ ကမ္ဘာ့ စီးပွားရေး ရင်ဆိုင်နေရသော အဓိက ပြဿနာများ ဖြေရှင်းရေး အတွက် နည်းလမ်းများ ရှာကြံရန်၊ အနာဂတ် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက်ကို ညွှန်းပြရန် ကြိုးပမ်းဆောင်ရွက်ကြောင်း၊ ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူလာခြင်း အတွက် တန်းအားပေးရန် ဥရောပ နိုင်ငံများ အနေနှင့် တရုတ်ပြည်နှင့် အတူ လက်တွဲ ကြိုးပမ်းကြသင့်ကြောင်း ပြောကြားသည်။