၁၃ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ကျန်းကောလိ တက်ရောက်မည်

2016-09-12 14:45:01 |သတင်းအရင်းအမြစ် 国际在线

၁၃ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ ကုန်သွယ်ရေး နှင့်ရင်းနှီးမြှုပ်နှံရေး ထိပ်သီး အစည်းအဝေးကို စက်တင်ဘာ ၁၁ရက်နေ့မှ ၁၄ရက်နေ့အထိ တရုတ်ပြည် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်မြို့တွင် ကျင်းပမည် ဖြစ်ကြောင်း၊ တရုတ် နိုင်ငံတော် ကောင်စီ ဒုဝန်ကြီးချုပ် ကျန်းကောလိ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မြန်မာနှင့် လာအို အပါအဝင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ထိပ်သီးခေါင်း ဆောင်များသည် ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားစသည်သို့ တက်ရောက်ကြမည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်းယင်က ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။