တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်းယင်က ၉ရက်နေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန် တက်ရောက်ခဲ့သော အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး အစည်းအဝေးများ၌ ထူးခြားသော အောင်မြင်မှုများ ရရှိခဲ့ကြောင်း ပြောကြားသည်။
၎င်းက ယခုအကြိမ် အစည်းအဝေးများတွင် အထိမ်းအမှတ်ပြု ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်နှင့် တရုတ်-အာဆီယံ ထုတ်လုပ်နိုင်စွမ်း ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲ ကြေညာချက် အပါအဝင် ကြေညာချက်များကို အတည်ပြုပြဌာန်းခဲ့ကြောင်း၊ တရုတ်နှင့် အာဆီယံတို့က မဟာဗျူဟာ ဆက်ဆံမှုကို ဆက်လက် အားဖြည့်ပြုလုပ်ပြီး လက်တွေ့ ကျသော ပူးပေါင်းဆောင်ရွက်မှုကို ဇောက်ချပြုလုပ်လိုကြသည်ဟု တညီတညွတ်တည်း ဖော်ပြကြကြောင်း ပြောကြားသည်။