တရုတ်-အာဆီယံ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍသစ် ဖွင့်လှစ်ဟု လာအိုဆို

2016-09-12 14:47:59 |သတင်းအရင်းအမြစ် 国际在线

 ၁၉ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီး အစည်းအဝေးမှ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာ ပိုမိုနွေးထွေးသော တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု တည်ဆောက်ရန် တညီတညွတ်တည်း သဘောတူကြကြောင်း ဖော်ပြသည်။

ယင်းနှင့် ပတ်သက်၍ ၈ရက်နေ့က လာအိုနိုင်ငံခြားရေး ဝန်ကြီးဌာန မီဒီယာရေးရာ ဦးစီးဌာန ညွှန်ချုပ် ဘွတ်တာရာက စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် ယင်းသည် တရုတ်-အာဆီယံ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပေးခဲ့ကြောင်း ပြောကြားသည်။