တရုတ်-အာဆီယံ ကုန်စည်ပြပွဲ တက်ရောက်သော အာဆီယံ နိုင်ငံ ခေါင်းဆောင်များ ကျန်းကောလိ

2016-09-12 15:14:57 |သတင်းအရင်းအမြစ် 国际在线

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်၊ နိုင်ငံတော် ကောင်စီ ဒုဝန်ကြီးချုပ် ကျန်းကောလိသည် ၁၀ရက်နေ့က ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်မြို့တွင် ၁၃ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နှင့် တရုတ်-အာဆီယံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် လာရောက်သည့် မြန်မာ နိုင်ငံတော် ဒုသမ္မတ ဦးမြင့်ဆွေ၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟုန်ဆင်၊ ဗီယက်နမ် အစိုးရ ဝန်ကြီးချုပ် ငုယင်ရွှမ်ဖူ၊ လာအို ဒုဝန်ကြီးချုပ် စွန်ဆေ စီဖန်ဒွန်နှင့် ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် ပရာချင် အပါအဝင် အာဆီယံ နိုင်ငံ ခေါင်းဆောင်များနှင့် အသီးသီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

မြန်မာ နိုင်ငံတော် ဒုသမ္မတ ဦးမြင့်ဆွေနှင့် တွေ့ဆုံနှုတ်ဆက်ရာတွင် ဒုဝန်ကြီးချုပ် ကျန်းကောလိက နှစ်နိုင်ငံတို့သည် နွေးထွေးသည့် အဆင့်မြင့် ဆက်ဆံမှုကို ထိန်းသိမ်းထား ပြီး နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို အဆက်မပြတ် တိုးပွားစေကာ နယ်ပယ် အသီးသီးမှ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို ဘက်စုံ ဇောက်ချပြုလုပ်၍ တရုတ်-မြန်မာ ဆက်ဆံမှု ခြေလှမ်းမှန်မှန်ဖြင့် ဆက်တိုက် ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးပြီး နှစ်နိုင်ငံ ပြည်သူများ အကြားရှိ အစဉ်အလာ ချစ်ကြည်မှုကို ခိုင်မြဲ ဖွံ့ဖြိုးတိုးတက်စေကာ နှစ်နိုင်ငံပြည်သူများ အတွက် ပိုမိုများပြားသည့် ချမ်းမြေ့သာယာမှုများ ကိုဖန်တီးပေးသင့်ကြောင်း ပြောကြားသည်။

ဒုသမ္မတ ဦးမြင့်ဆွေက မြန်မာနိုင်ငံသည် တရုတ်ပြည် အပေါ် ထားရှိသော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို တန်ဖိုးထားကြောင်း၊ မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့်တည်ဆောက်မှု အတွက် တရုတ်ပြည်မှ အားပေးထောက်ခံမှုများကို ကျေးဇူးတင်ရှိ ကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ ရရှိခဲ့သော သဘောတူညီမှုများကို ကောင်းမွန်စွာ လက်တွေ့ ဖော်ဆောင်ပြီး မြန်မာ-တရုတ် ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုကို အဆက်မပြတ် ဇောက်ချပြုလုပ်ရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားသည်။