အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ တိုးချဲ့အစည်းအဝေး လူသားချင်း စာနာထောက်ထားမှု ထောက်ပံ

2016-09-12 15:19:13 |သတင်းအရင်းအမြစ် 国际在线

  ၉ရက်နေ့က ဒုတိယ အကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ တိုးချဲ့အစည်းအဝေး လူသားချင်း စာနာထောက်ထားမှု ထောက်ပံ့ရေး၊ ကယ်ဆယ်ရေးနှင့် စစ်ရေးဆေးပညာ ပူးတွဲ လေ့ကျင့်ပွဲကို ထိုင်းနိုင်ငံ ချွန်ဘူရီ ပြည်နယ်တွင် ရုပ်သိမ်းခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုင်းနိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာနမှ မူဝါဒနှင့် စီမံကိန်းရုံး ဒုဒါရိုက်တာ စွမ်ဆပ်က ရုပ်သိမ်းပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ယခုအကြိမ် ပူးတွဲ လေ့ကျင့်ပွဲတွင် ပါဝင်ကြသည့် နိုင်ငံ အသီးသီးမှ တပ်မတော်များသည် လိုက်ဖက်ညီညီ ပူးပေါင်းဆောင်ရွက်ပြီး ၄င်းတို့၏ သမရိုးကျ မဟုတ်သော လုံခြုံရေး စိန်ခေါ်မှု ရင်ဆိုင်နိုင်စွမ်းကို ပြသခဲ့ကြကြောင်း ပြောကြားသည်။

တရုတ် နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာန နိုင်ငံတကာ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုရုံး ဒုဒါရိုက်တာ၊ ရေတပ် ဗိုလ်ချုပ် လီကြည့်က တရုတ် တပ်မတော်မှ တပ်ဖွဲ့များသည် လေ့ကျင့်မှုများကို ချောမောစွာ ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။