တရုတ်-အာဆီယံ တိရိစ္ဆာန်နှင့် ရုက္ခပင် ရောဂါ ပူးတွဲ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ

2016-09-13 10:41:53 |သတင်းအရင်းအမြစ် 国际在线

မကြာမီက ကျင်းပခဲ့သော ပဉ္စမ အကြိမ်မြောက် တရုတ်-အာဆီယံ အရည်အသွေး စစ်ဆေးရေး ဝန်ကြီးများ အစည်းအဝေး (SPSပူးပေါင်းဆောင်ရွက်ရေး)တွင်  တရုတ်- အာဆီယံ တိရိစ္ဆာန်နှင့် ရုက္ခပင် ရောဂါ ပူးတွဲ ကြိုတင် ကာကွယ်ရေးနှင့် ထိန်းချုပ် ရေးအချက်အလက် ပလက်ဖောင်းကို စတင် တရားဝင် ဖွင့်လှစ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းပလက်ဖောင်း ဖွင့်လှစ်သည့် ရည်ရွယ်ချက်မှာ ခေတ်မီ သတင်းအချက်အလက် နည်းပညာများ အသုံးပြပြီး ဒေသတွင်း တိရိစ္ဆာန်နှင့် ရုက္ခပင် ရောဂါ ဖြစ်ပွားမှု ဆိုင်ရာ အချက်အလက်များ အတူမျှဝေရေး အကောင်အထည်ဖော်ရန်၊ တိရိစ္ဆာန်နှင့် ရုက္ခပင် ရောဂါ ဖြစ်ပွားမှု ဆိုင်ရာ စိန်ခေါ်မှုများကို တရုတ်နှင့် အာဆီယံ နိုင်ငံများတို့ နိုင်ငံဖြတ်ကျော် ပူးတွဲ ရင်ဆိုင်နိုင်စွမ်း တိုးမြှင့်ရန်၊ နယ်စပ်စခန်းမှတစ်ဆင့် ကုန်စည် အဝင်အထွက် အစီအစဉ်များ လွယ်ကူစေရန်၊ လယ်ထွက်ကုန်များ ဝယ်ယူတင်သွင်းမှုနှင့် တင်ပို့ရောင်းချမှု ကောင်းမွန်ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်ရေး ထိန်းသိမ်းကာကွယ်ရန် ဖြစ်ကြောင်း သိရသည်။

တရုတ်-အာဆီယံ တိရိစ္ဆာန်နှင့် ရုက္ခပင် ရောဂါ ပူးတွဲ ကြိုတင် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အချက်အလက် ပလက်ဖောင်း တည်ဆောက်ရေးတွင် စွမ်းဆောင်နိုင်မှု ၉ခု ပါဝင်ကြောင်း၊ ၄င်းစွမ်းဆောင်နိုင်မှုများတွင် ဥပဒေနှင့် စည်းမျဉ်းဥပဒေများ၊ နယ်စပ် စခန်းမှနေ ရောဂါ ဖြစ်ပွားမှုနှင့် ကူးစက်ပြန့်ပွားမှုကို ကြိုတင် ကာကွယ်ရေး၊ ရောဂါဖြစ်ပွား မှုနှင့်ကူးစက်ပြန့်ပွားမှု အခြေအနေ တိုင်းတာကြပ်မရေး၊ ပြည်သူနှင့် မီဒီယာများ၏သက် ဆိုင်ရာအမြင်သဘောထားများ စီမံခန့်ခွဲရေး၊ အန္တရာယ်များ အကဲဖြတ် သုံးသပ်ရေးနှင့် ကြိုတင် သတိပေးရေး၊ နည်းပညာ ကူးလူးဖလှယ်ရေး၊ စာရင်းကောက်ယူရေးနှင့် အကဲဖြတ် ရေး၊ စနစ် ထိန်းသိမ်းရေးများ ပါဝင်ကြောင်း သိရသည်။