၁၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲအတောအတွင်း တရုတ်-အာဆီယံ အင်တာနက်ကူးသန်းရောင်းဝယ်ရေး ထိပ်သီးအစည်းအဝေးကို ၁၁ရက်နေ့က တရုတ် နန်နင်းမြို့၌ ကျင်းပခဲ့သည်။ တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အရာရှိများ၊ အင်တာနက် ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီမှ ကိုယ်စားလှယ်များနှင့် ပညာရှင်များသည် ယင်းထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး တရုတ်-အာဆီယံ အင်တာနက် ကူးသန်းရောင်းဝယ်ရေး ဈေးကွက် စီမံကိန်းကို အတူ ဆွေးနွေးကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။