တရုတ်-အာဆီယံ ဂြိုဟ်တု လမ်းပြစနစ် ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကျင်းပ

2016-09-18 10:24:10 |သတင်းအရင်းအမြစ် 国际在线

၂၀၁၆ ခုနှစ် တရုတ်-အာဆီယံ ဂြိုဟ်တု လမ်းပြစနစ် ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ၁၂ ရက်နေ့က တရုတ်နိုင်ငံ နန်နင်းမြို့၌ ကျင်းပခဲ့ကြောင်း၊ တရုတ် ပေတို ဂြိုဟ်တု လမ်းပြစနစ် အထွေထွေ ဒီဇိုင်းရေးဆွဲသူ ယန်ချန်ဖုန်က၊ အနာဂတ် ပေတို ဂြိုဟ်တု လမ်းပြစနစ်သည် တိကျမှန်ကန်စွာ နေရာ ချမှတ်ရေးဆိုင်ရာ ပြဿနာကို အရင်းအမြစ်မှနေ ဖြေရှင်းပေးမည်ဟု ပြောကြားကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

မျက်မှောက်ကာလ၌ တရုတ်နှင့် အာဆီယံတို့သည် ဂြိုဟ်တု လမ်းပြစနစ် နယ်ပယ်၌ ပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်မှုများ ရရှိပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတို့နှင့် တစ်ကမ္ဘာလုံး ဂြိုဟ်တု လမ်းပြ အခြေစိုက်စခန်းများကို တည်ဆောက်ပြီ ဖြစ်ပြီး အာဆီယံအား ဝန်ဆောင်မှုပေးရေးအတွက် အထောက်အကူ ပြုနေကြောင်း၊ တရုတ်နိုင်ငံသည် လာအိုင်နိုင်ငံနှင့် ပေတို ကုန်ထုတ်လုပ်မှု စံပြဇုန်ကို ထားရှိပြီ ဖြစ်ပြီး မလေးရှားနိုင်ငံနှင့် ပေတို-အာဆီယံ သတင်းအချက်အလက်နှင့် ဝန်ဆောင်မှု စင်တာကိုလည်း ပူးတွဲ တည်ထောင်ပြီ ဖြစ်ကာ ထိုင်းနိုင်ငံနှင့်လည်း တရုတ်-အာဆီယံ ပေတို သိပံ္ပနည်းပညာဇုန်ကို ပူးတွဲ ဆောက်ထားပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။