ယခုနှစ် ပထမ ၈ လအတွင်း တရုတ်ပြည်၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၄့ ၅ ရာခိုင်နှ

2016-09-18 10:26:22 |သတင်းအရင်းအမြစ် 国际在线

ယခုနှစ် ပထမ ၈ လ အတွင်း တရုတ်နိုင်ငံ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လက်တွေ့ အသုံးချမှု ပမာဏမှာ ယွမ်ငွေ ၅၄၈့ ၈၃ ဘီလီယံ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၄့ ၅ ရာခိုင်နှုန်း တိုးလာကြောင်း၊ နိုင်ငံခြား အရင်းအနှီးဖြင့် လုပ်ကိုင်သော လုပ်ငန်းဌာနအသစ် ၁ သောင်း ၈၅၃၈ ခု ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၀့ ၂ ရာခိုင်နှုန်း တိုးလာကြောင်း၊ ယင်းတို့အနက် အဆင့်မြင့်နည်းပညာ ဝန်ဆောင်မှုလုပ်ငန်းမှာ တိုးတက်မှု သိသာကြောင်း တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ သတင်းအရ သိရပါသည်။