တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အဆင့်မြင့်အရာရှိများ အစည်းအဝေးကို ၁၃ရက်နေ့ တရုတ် နန်နင်းမြို့တွင် ကျင်းပခဲ့ပါသည်။ ယင်းအစည်းအဝေးတွင် ၁၄ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ၂၀၁၇ခုနှစ် စက်တင်ဘာလ ၂၂ရက်နေ့မှ ၂၅ရက်နေ့ အထိ ကျင်းပရန် ပဏာမအားဖြင့် သတ်မှတ်ခဲ့ကြောင်း၊ အဓိကမိတ်ဆက်ပေးမည့် နိုင်ငံသည် ဘရူနိုင်း ဖြစ်ကြောင်း၊ တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။