ထိုင်ဝမ်အား အမေရိကန် လက်နက်ရောင်းချရေးဆိုင်ရာ မကြာမီက ထိုင်ဝမ် ဒေသခေါင်းဆောင်၏ပြောဆိုခြင်းနှင့် စပ်လျဉ်း၍၊ တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ် ရေးရာရုံး မှ ပြောရေးဆိုခွင့်ရှိသူ မာရှောင်ကွမ်းက၊ ထိုင်ဝမ်ရေးရာများတွင် ပြင်ပ အင်အား၏ ဝင်ရောက်စွက်ဖက်မှုကို တရုတ်ပြည်ကန့်ကွက်ကြောင်း၊ ယင်းသည် တရုတ်ပြည်၏ ရှင်းလင်းပြတ်သားပြီး တလျှောက်လုံးစွဲကိုင်ထား သောသဘောထား ရပ်တည်ချက်ဖြစ် ကြောင်း၊ ယနေ့ ၁၄ ရက်နေ့ ကျင်းပသော ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ဖော် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။