၇၁ကြိမ်မြောက် ကုလသမဂ္ဂ ညီလာခံကို ၁၃ရက်နေ့ညနေပိုင်းက နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုအကြမ် ကုလသမဂ္ဂ ညီလာခံ၏ ဆောင်ပုဒ် မှာ "ဆက်တိုက်ဖွံ့ဖြိုးရေးရည်မှန်းချက်- မိမိတို့၏ကမ္ဘာ့ကို ပြုပြင်ပြောင်းလဲရန် လက်တွဲ ကြိုးပမ်းအားထုတ်ကြရန်" ဟူ၍ဖြစ်ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။
ကုလသမဂ္ဂဆိုင်ရာ တရုတ်ကိုယ်စားလှယ် လျူကျေအီအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃နိုင်ငံမှ ကိုယ်စားလှယ်တို့သည် အဆိုပါ ဖွင့်ပွဲ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြ ကြောင်း၊ သတင်းရရှိပါသည်။