တရုတ်ပြည်ကွမ်ရှီပြည်နယ် နန်နင်မြို့၌ ၁၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ တက်ရောက်နေသည့် ထိုင်းဒုဝန်ကြီးချုပ် ပါချင်သည် ၁၁ ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် နှစ်ဖက်အကြားဆွေးနွေးပွဲအဆင်ပြေလျှင် တရုတ်-ထိုင်း ရထားလမ်း၏ ဘန်ကောက်-နာကွန် ရာချာစီမာ အပိုင်း ကို ယခုနှစ်ကုန်ပိုင်း (သို့) လာမည့်နှစ် အစဦးပိုင်း၌ စတင် တည်ဆောက်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်ပြည်သူ့နေစဉ်သတင်းစာ၏ ဝက်ဆိုက်မှ သတင်း အရ သိရပါသည်။ ထို့အပြင် ၄င်းက တရုတ်-အာဆီယံကုန်စည်ပြပွဲ ကမ္ဘာ့အဆင့်ကုန်စည်ပြပွဲ ဖြစ်နိုင်မည်ဟု ပြောကြားသည်။