တရုတ်-အာဆီယံ ကုန်သည်များအသင်း ခေါင်းဆောင်များ ဖိုရမ် ကျင်းပ

2016-09-18 11:02:18 |သတင်းအရင်းအမြစ် 国际在线

ပထမအကြိမ်မြောက် တရုတ်-အာဆီယံ ကုန်သည်များအသင်း ခေါင်းဆောင်များ ဖိုရမ်ကို ၁၂ရက်နေ့က နန်နင်မြို့တွင် ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ် ဖိုရမ်၏ဆောင်ပုဒ်မှာ "ဖွံ့ဖြိုးရေး တူညီမှု စုစည်းပြီး One Belt and Road တည်ဆောက်မှု လက်တွဲ တွန်းအား ပေးရန်" ဟူ၍ ဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ တရုတ်-အာဆီယံ စီးပွားကုန်သွယ်ရေး လောကမှ ခေါင်းဆောင်များ အကြား ဘက်စုံ ဆွေးနွေးရေးနှင့် ကူးလူးဖလှယ်ရေး ပလက်ဖောင်း တည်ဆောက်ပြီး ရေရှည် စနစ် တည်ဆောက်ကာ တရုတ်-အာဆီယံ လုပ်ငန်းများ အကြား ညီညွတ်စေရေး၊ ထုတ်လုပ်နိုင်စွမ်း ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု တွန်းအားပေးရန် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။