၇၁ ကြိမ်မြောက် ကုလအထွေထွေညီလာခံအစည်းအဝေးများ လီခေ့ချန်တက်ရောက်မည်

2016-09-18 11:04:37 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းယဉ်က၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ကနေဒါနိုင်ငံဝန်ကြီးချုပ် Justin Trudeau၊ ကျူးဘား နိုင်ငံတော် ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးများကွန်ဖရင့်ဥက္ကဋ္ဌ Raúl Castrolတို့၏ ဖိတ်ကြား ချက်အရ ၊ တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည်၊ စက်တင်ဘာ ၁၈ ရက်နေ့မှ ၂၈ ရက်နေ့အထိ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပမည့် ၇၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအဆင့်မြင့်အစည်းအဝေးများသို့ တက်ရောက် မည့် အပြင်၊ ကနေဒါနှင့် ကျူးဘားနိုင်ငံများတွင် တရားဝင်ခရီးလှည့်လည်မည်ဖြစ်ကြောင်း ယနေ့ ၁၄ ရက်နေ့တွင် ထုတ်ဖော်ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။