၁၃ရက်နေ့က တရုတ် နိုင်ငံတော် စာရင်းအင်း ဌာနမှ ထုတ်ပြန်ခဲ့သော စာရင်းအရ ယခုနှစ် ဇန်နဝါရီမှ သြဂုတ်အထိ တစ်ပြည်လုံးရှိ ပုံသေ ဓနဥစ္စာ ရင်းနှီးမြှုပ်နှံမှု တိုးနှုန်းမှာ ၈့၁ရာခိုင်နှုန်း ရှိကြောင်း၊ အရပ်ဘက်မှ ရင်းနှီးမြှုပ်နှံမှု တိုးနှုန်းမှာ ၂့၁ရာခိုင်နှုန်း ရှိကြောင်း၊ ထို့အပြင်၊ သြဂုတ်လက အတိုင်းအတာ အသင့်အတင့်ရှိသော စက်မှုလုပ်ငန်း တိုးတက်မှု ပမာဏနှင့် သုံးစွဲမှု တိုးနှုန်းသည် ပြန်လည် တိုးတက်လာပြီး မရောင်းချရသေးသော အိမ်ရာ ပမာဏသည် လျော့နည်းသွားကြောင်း သိရသည်။