ဘရူနိုင်းဧည့်သည်များ ဝမ်ယိတွေ့ဆုံနှုတ်ဆက်

2016-09-18 14:45:25 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်၊ ယမန်နေ့ ၁၄ ရက်နေ့က ပီကင်းတွင် အလည်အပတ်ရောက်ရှိနေသော ဘရူနိုင်းဝန်ကြီးချုပ်ရုံး ဝန်ကြီး၊ ကုန်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး Lim Jock Seng ၊ ဝန်ကြီးချုပ်ရုံး စွမ်းအင်နှင့်စက်မှုဝန်ကြီး Mohammad Yasmin Umarတို့နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။

ထိုသို့တွေ့ဆုံခဲ့ရာ၌၊ ဝမ်ယိက၊ တရုတ်နှင့်ဘရှုနိုင်းတို့အကြား သံတမန်ဆက်ဆံမှု ထားရှိခဲ့သည့် ၂၅ နှစ်ပြည့်အတွင်း၊ နှစ်ဖက်ဆက်ဆံမှုကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ ကြောင်း ပြောကြားခဲ့သည်။

Lim Jock Seng နှင့် Mohammad Yasmin Umar တို့က၊ ဘရူနိုင်း-တရုတ် ချစ်ကြည်ရေးသည်၊ ဘိုးစဉ်ဘောင်ဆက်မှ ခံယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်ဟု သတင်းအရသိရသည်။