မြန်မာအပေါ်အရေးယူမှု ကန် ဖျက်သိမ်းမည်

2016-09-18 14:53:10 |သတင်းအရင်းအမြစ် 国际在线

အမေရိကန်သမ္မတ အိုဘားမားသည်၊ ယမန်နေ့ ၁၄ ရက်နေ့က အမေရိကန်နိုင်ငံတွင် ခရီးလှည့်လည်လျက်ရှိသည့်မြန်မာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အိမ်ဖြူတော်၌ တွေ့ဆုံခဲ့ရာ၊ မြန်မာနိုင်ငံအပေါ် အမေရိကန်မှ ကြာရှည်စွာ ကျင့်သုံးသည့် အရေးယူမှုများကို ဖျက်သိမ်းမည်ဟု ပြောကြားခဲ့ကြောင်း၊ သို့သော်၊ ထို့နေ့တွင် အိုဘားမားက အရေးယူမှုဖျက်သိမ်းမည့် အတိုင်းအတာနှင့် အချိန်ဇယားမဖော်ပြသေး ကြောင်း ဆင်ဟွာသတင်းအရသိရသည်။