အာဆီယံစီးပွားရေးဘုံဈေးတွင် ဟောင်ကောင်နက်ရှိုင်းစွာပါဝင်ရန် ဗီယက်နမ်ဝန်ကြီးချုပ်

2016-09-18 14:56:34 |သတင်းအရင်းအမြစ် 国际在线

ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် ငုယဉ်ရွှမ်ဖူက အနာဂတ် ဟောင်ကောင်ဒေသသည်၊ အာဆီယံစီးပွားရေးဘုံဈေးတွင် ပိုမိုနက်ရှိုင်းစွာ ပါဝင်ရန် မျှော်လင့်ကြောင်း၊ ဗီယက်နမ် နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဟောင်ကောင်အားကြိုဆိုကြောင်း၊ ငွေရေးကြေးရေး၊ အာမခံပေး ရေး၊ လေကြောင်းရေကြောင်းပို့ဆောင်ရေးနှင့် လယ်ထွက်ပစ္စည်အချောကိုင်ရေး စသည့် နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုများကို အပြန်အလှန်တိုးချဲ့ပြုလုပ်ကြမည်ဖြစ်ကြောင်း ယမန်နေ့ ၁၄ ရက်နေ့က ဟောင်ကောင်၌ ပြောကြားခဲ့သည်ဟု တရုတ်သတင်း ဌာနမှ သတင်းအရသိရသည်။