၁၃ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကျင်းပသည့် အတောအတွင်းကာလ သည်၊ တရုတ်-အာဆီယံစေ့စပ်ဆွေးနွေးရေးမိတ်ဆွေဖြစ်ဆက်ဆံမှုတည်ဆောက်ခဲ့သည့် ၂၅ နှစ် ပြည့်ဖြစ်သည်။
ပြီးခဲ့သည့် ၂၅နှစ်အတွင်း၊ တရုတ်၊ အာဆီယံပူးပေါင်းဆောင်ရွက်ရေးသည်၊ လူများ တကာအာရုံစိုက်လောက်သော အောင်မြင်မှုများစွာရရှိခဲ့သည်။ နှစ်ဖက်ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၈ ဘီလီယံမှနေ ၄၇၂ ဘီလီယံအထိ တိုးပွားလာခဲ့သည်။
ပြီးခဲ့သည့် ၂၅ နှစ်အတွင်း၊ တရုတ်နှင့် အာဆီယံအကြား ၂ ဖက် ကုန်သွယ်ရေး အကောက်ခွန်မှာ အစဦးပိုင်းက အကောက်ခွန်အပြည့်မှနေ၊ ၂၀၀၄ခုနှစ်က အကောက်ခွန် များစွာ လျှော့ချခြင်းနှင့် ၂၀၁၀ပြည့်နှစ် တရုတ်-အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးဇုန် ဘက်စုံပြီးမြောက်အောင်တည်ဆောက်ခဲ့ခြင်းအထိ၊ တရုတ်နှင့် အာဆီယံတို့မှ ရာခိုင်နှုန်း ၉၀ ကျော်ရှိ ထုတ်ကုန်ပစ္စည်းများအပေါ် အကောက်ခွန်မဲ့စေရေးကျင်းသုံးခဲ့သည်။ တရုတ်၊ အာဆီယံတို့အကြား အကောက်ခွန်များလျှော့ချလာခဲ့သော်လည်း၊ ၂ ဖက် ပူးပေါင်း ဆောင်ရွက်ရေးမှာမူ မြှင့်တင်လျက်ရှိသည်။
တရုတ်-အာဆီယံစေ့စပ်ဆွေးနွေးရေးမိတ်ဆွေဖြစ်ဆက်ဆံမှုတည်ဆောက်ခဲ့သည့် ၂၅ နှစ်ပြည့်အတောအတွင်း၊ တရုတ်-အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးဇုန်မြှင့်တင်ရေး ဆိုင်ရာ သဘောတူစာချုပ်သည်၊ အကျိုးတက်ရောက်မည်ဖြစ်ပြီး၊ နှစ်ဖက်ဈေးကွက်များ သည်၊ ပိုမိုတံခါးဖွင့်သွားမည်ဖြစ်ကြောင်း၊ ယင်းသည်၊ တရုတ်-အာဆီယံပူးပေါင်း ဆောင်ရွက်မှု အဆင့်သစ်သို့ ရှေ့ရှုရန် အရေးပါအရာရောက်သော အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း တရုတ်-အာဆီယံ ကုန်သွယ်ရေးအမှုဆောင်ကောင်စီ ဥက္ကဋ္ဌ ရွှီနင်းနင်း က ပြောကြားခဲ့သည်။