နိုင်ငံတကာစံချိန်စံညွှန်းသတ်မှတ်ရေးအဖွဲ့အစည်းအဝေး လီခေ့ချန် တက်ရောက်

2016-09-18 15:01:38 |သတင်းအရင်းအမြစ် 国际在线

   တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည်၊ ယမန်နေ့ ၁၄ ရက်နေ့က ၃၉ ကြိမ်မြောက် နိုင်ငံတကာစံချိန်စံညွှန်းသတ်မှတ်ရေးအဖွဲ့အစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ရာ၌၊ စံချိန်စံညွှန်းသတ်မှတ်ရေး၏ ဦးဆောင်မှုကို အားဖြည့်ပြုလုပ်ရေး၊ ထွက်ကုန်အရည်အသွေးနှင့် ဝန်ဆောင်မှုအရည်အချင်းမြှင့်တင်ရေးစသည့်ကိစ္စရပ်များကို အလေးထားပြောကြားခဲ့ကြောင်းစီအာအိုင်က ဖော်ပြသည်။

ယခုအကြိမ် အစည်းအဝေးကို နိုင်ငံတကာစံချိန်စံညွှန်းသတ်မှတ်ရေးအဖွဲ့မှ ဦးစီးမှု အရ၊ တရုတ်နိုင်ငံတော်အရည်အသွေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ နိုင်ငံတော်စံချိန် စံညွှန်းသတ်မှတ်ရေး ကော်မတီနှင့် ပီကင်းမြူနီစီပယ်အစိုးရတို့က လက်ခံကျင်းသုံးကြသည်။

       နိုင်ငံတကာစံချိန်စံညွှန်းသတ်မှတ်ရေးအဖွဲ့မှ နိုင်ငံနှင့် ဒေသ ၁၆၃ ခုမှ အဖွဲ့ဝင်နိုင်ငံနှင့် ဒေသ၊ ဥရောပနှင့် အာရှ-ပစိဖိတ်ဒေသမှ စံချိန်စံညွှန်းသတ်မှတ်ရေးအဖွဲ့ တစ်ဆယ် ကျော်၊ UNCTAD၊  UNIDOနှင့် UICစသည့် နိုင်ငံတကာအဖွဲ့အစည်း ၁၄ ခုမှ ကိုယ်စားလှယ် ၇၀၀ ကျော်တို့သည်၊ ယခုအကြိမ်အစည်းအဝေးသို့ ပါဝင်ခဲ့ကြသည်ဟု သိရသည်။