စက်တင်ဘာ ၁၅ရက်နေ့ ည ၁၀နာရီ ၄မိနစ် အချိန်တွင် ထျန်ကုန်း အမှတ်၂ အာကာသစမ်းသပ်ခန်း သယ်ဆောင်ထားသော ချန်ကျင်း အမှတ်၂ F T2 သယ်ဆောင် ဒုံးပျံကို တရုတ်ပြည် ကျိုချွမ် ဂြိုဟ်တု လွှတ်တင်ရေး စခန်း၌ အောင်မြင်စွာလွှတ်တင်ခဲ့ ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။
၅၇၅စက္ကန့်ခန့်အကြာတွင် ထျန်ကုန်းအမှတ်၂ စမ်းသပ်ခန်းသည် သတ်မှတ်ထားသော အာကာသ လမ်းကြောင်းပေါ် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထျန်ကုန်း အမှတ်၂ အာကာသစမ်းသပ်ခန်း၏ အဓိက တာဝန်လုပ်ငန်းမှာ အာကာသ သိပ္ပံပညာ စမ်းသပ်မှုနှင့် သက်ဆိုင်ရာ နည်းပညာ စမ်းသပ်မှုများ ပြုလုပ်ရန် စသည်တို့ ဖြစ်ကြောင်း သိရသည်။