ချိန်းထားသည့် အတိုင်း ၁၄ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ကီစီဒါ ဖူမီအိုနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။
ထိုသို့ တယ်လီဖုန်း ဆက်သွယ်ခဲ့ရာတွင် ဝန်ကြီး ဝမ်းယိသည် မြောက်ကိုးရီးယား၏ နျူကလီးယား စမ်းသပ်မှု အပေါ် တရုတ်ပြည်၏ ဆန့်ကျင်ရေး သဘောထား ရပ်တည်ချက် ကို ထပ်လောင်း ပြောကြားကြောင်း သိရသည်။