ပဉ္စမအကြိမ်မြောက် တရုတ်-ဂျပန် အဏ္ဏဝါ ရေးရာ အဆင့်မြင့် ဆွေးနွေးပွဲ ကျင်းပ

2016-09-18 15:16:25 |သတင်းအရင်းအမြစ် 国际在线

၁၄ရက်နေ့မှ ၁၅ရက်နေ့အထိ ပဉ္စမအကြိမ်မြောက် တရုတ်-ဂျပန် အဏ္ဏဝါ ရေးရာ အဆင့်မြင့် ဆွေးနွေးပွဲကို ဂျပန်နိုင်ငံ ဟီရိုရှီမာတွင် ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

နှစ်ဖက်တို့သည် တိုင်ပင်ဆွေးနွေးရေး စနစ် မျက်နှာစုံညီ အစည်းအဝေးကိုရော၊ ၄င်းစနစ်၏ မူဘောင်အတွင်း နိုင်ငံရေးနှင့်တရားဥပဒေ၊ ပင်လယ်ပေါ် ကာကွယ်ရေး၊ ပင်လယ်ပေါ် ဥပဒေ ကျင့်သုံးရေးနှင့် လုံခြုံရေး၊ အဏ္ဏဝါ စီးပွားရေး ဖြစ်သည့် လုပ်ငန်းအဖွဲ့ အစည်းအဝေး ၄ခုကိုပါ ကျင်းပခဲ့ရာ အရှေ့ပင်လယ်ဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ပြီး ပင်လယ်ပေါ် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ပုံစံများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။