တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၁၈ရက်နေ့မှ ၂၈ရက်နေ့အထိ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်တွင် ကျင်းပမည့် ၇၁ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အဆင့်မြင့် အစည်းအဝေးများသို့ တက်ရောက်ပြီး ကနေဒါနှင့် ကျူးဘားနှစ်နိုင်ငံတွင် တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အဆင့်မြင့် အစည်းအဝေးများသို့ တက်ရောက်စဉ် အတွင်း ဝန်ကြီးချုပ် လီခေ့ချန်သည် ကုလသမဂ္ဂ ဒုက္ခသည်နှင့် ဒုက္ခသည်များ အတိုင်းအတာ ကြီးမားစွာ ရွှေ့ပြောင်းမှု ပြဿနာ ရင်ဆိုင်ဖြေရှင်းရေး အဆင့်မြင့် အစည်းအဝေး၊ တစ်နည်း အားဖြင့် ပြောရလျှင် ကုလသမဂ္ဂ ဒုက္ခသည် ပြဿနာ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။
မကြာမီက တရုတ် အစိုးရက "၇၁ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံနှင့် ပတ်သက်၍ တရုတ်ပြည်၏ သဘောထား ရပ်တည်ချက် ဆိုင်ရာ စာတမ်း"တွင် ဒုက္ခသည် ပြဿနာကို အပေါ်ယံကြောနှင့် အရင်းအမြစ် မှနေ၍ ကိုင်တွယ်ဖြေရှင်းပြီး ၄င်းပြဿနာ ဖြစ်ပွါးလာသည့် အရင်းခံ ပြဿနာကို ဖြေရှင်းရန် လိုအပ်ကြောင်း ဖော်ပြသည်။