၁၅ရက်နေ့ညက ထျန်ကုန်းအမှတ်၂ အာကာသ စမ်းသပ်ခန်း အောင်မြင်စွာ လွှတ်တင်ခဲ့ခြင်းသည် အာကာသစခန်း တည်ဆောက်ရေး အတွက် တရုတ်ပြည်၏ အရေးကြီး ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ခြင်း ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။
ရုရှား ပညာရှင်များက ဆင်ဟွာ သတင်းဌာနမှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် တရုတ် လူပါ အာကာသ လုပ်ငန်း၌ ရရှိခဲ့သော အောင်မြင်မှုများ အပေါ် လွန်စွာ ဂုဏ်ပြု ချီးကျူးကြောင်း၊ လူပါ အာကာသ နယ်ပယ်တွင် တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် မျှော်လင့်ချက် များစွာ ထားရှိကြောင်းလည်း ပြောကြားသည်။