လူ့အခွင့်အရေး ထိန်းသိမ်းရေးနှင့် တိုးမြှင့်ရေး အတွက် ဖွံ့ဖြိုးတိုးတက်ရေး သော့ချက

2016-09-18 17:28:27 |သတင်းအရင်းအမြစ် 国际在线

ကုလသမဂ္ဂ ဂျီနီဗာရုံးဌာနနှင့် ဆွစ်ဇာလနနိုင်ငံရှိ အခြား နိုင်ငံတကာ အဖွဲ့အစည်းများ ဆိုင်ရာ တရုတ် အမြဲတမ်း သံအမတ်ကြီး မာကျောရွှိက ၁၆ရက်နေ့က ၃၃ကြိမ်မောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် နိုင်ငံ ၁၄၀၏ ကိုယ်စား "ဖွံ့ဖြိုးတိုးတက်ရေးဖြင့် လူ့အခွင့်အရေးကို တိုးမြှင့်ရေး" ဟူသော ခေါင်းစဉ်ဖြင့်   မိန့်ခွန်းပြောကြားခဲ့ရာ ဖွံ့ဖြိုးတိုးတက်ရေးသည် လူ့အခွင့်အရေး ထိန်းသိမ်းကာကွယ်ရေးနှင့် တိုးမြှင့်ရေး အတွက် သော့ချက်ကျကြောင်း အလေးထားပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။