ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် သည် ၇၁ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် အတွက် စက်တင်ဘာ ၁၈ ရက် နေ့လည်ပိုင်း က ဇနီးဖြစ်သူ ချန်းဟုန် နှင့်အတူ ပေကျင်းမှ ထွက်ခွာလာခဲ့ကြောင်း နှင့် ညီလာခံပြီးနောက် ကနေဒါနိုင်ငံ နှင့် ကျူးဘားနိုင်ငံသို့ တရားဝင်ခရီးစဉ် လည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။
လီ၏ ခရီးစဉ် သည် စက်တင်ဘာ ၁၈ မှ ၂၈ ရက်အထိ ကြာမြင့်မည်ဖြစ်ပြီး လီအား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ကနေဒါနိုင်ငံ ဝန်ကြီးချုပ် Justin Trudeau ၊ ကျူးဘားနိုင်ငံတော်ကောင်စီ နှင့် ဝန်ကြီးများကောင်စီ ဥက္ကဋ္ဌ Raul Castro Ruz တို့က အသီးသီးဖိတ်ကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။ (Xinhua)