နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Harvard Foundation 2016 Human

2016-09-19 10:18:41 |သတင်းအရင်းအမြစ် 新华网

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့ရှိ Harvard University ၏ Harvard Foundation မှ ချီးမြှင့်သည့် Harvard Foundation 2016 Humanitarian of the Year ဆုချီးမြှင့်မှု အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Harvard Foundation 2016 Humanitarian of the Year Award လက်ခံရယူ ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

အဆိုပါအခမ်းအနားအား စက်တင်ဘာလ ၁၇ ရက် ဒေသစံတော်ချိန် ၁၇း၀၀ နာရီတွင် Harvard University, Science Centre ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် Harvard Foundation ၏ Director ဖြစ်သူ Dr. S. Allen. Counter မှ 2016 Humanitarian of the Year ဆုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။ 
ဆုလက်ခံရယူပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ တက်ရောက်လာသူများအား အမှာစကား ပြောကြားခဲ့ပါသည်။
ဆုချီးမြှင့်မှုအခမ်းအနား အပြီးတွင် ထူးချွန်ကျောင်းသူကျောင်းသားများနှင့် တွေ့ဆုံမှုတစ်ရပ်ပြုလုပ်ခဲ့ကြောင်း၊ တွေ့ဆုံမှုအပြီးတွင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အားဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံခဲ့ကြောင်းသတင်းထထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)