CORS ခေါ် လာအိုနိုင်ငံ ပေတို ဂြိုဟ်တု လမ်းပြ နေရာ ချမှတ်ရေး အထွေထွေ ဝန်ဆောင်မှုစနစ် ပထမဆုံး အခြေစိုက်စခန်း ဖွင့်ပွဲ အခမ်းအနားကို ၁၆ ရက်နေ့က ဗီယင်ကျန်း မြို့တော်၌ ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် တရုတ် နိုင်ငံတော် ပထဝီ တိုင်းတာရေး သတင်းအချက်အလက် ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် လီဝေစင်က၊ ယင်းစနစ် တည်ဆောက် ပြီးနောက် လာအိုနိုင်ငံအတွက် အဆင့်မြင့် တိကျမှန်ကန်သော ဂြိုဟ်တု လမ်းပြနှင့် နေရာ ချမှတ်ရေး ဝန်ဆောင်မှုများ ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။