၁၇ကြိမ်မြောက်ဖက်မလိုက်လှုပ်ရှားမှုထိပ်သီးအစည်းအဝေးရုပ်သိမ်း

2016-09-20 11:10:55 |သတင်းအရင်းအမြစ် 国际在线

၁၇ ကြိမ်မြောက်ဖက်မလိုက်လှုပ်ရှားမှု ထိပ်သီးအစည်းအဝေးကို ယမန်နေ့ ၁၈ ရက်နေ့က ဗင်နီဇွဲလားနိုင်ငံတွင် ရုပ်သိမ်းခဲ့ပြီး လာမည့် ၃နှစ်အတွင်း ဖက်မလိုက်လှုပ်ရှားမှု ဖွံ့ဖြိုးရေးလမ်းညွှန်ချက် ဖြစ်သည့် မာဂါရီတာကြေညာချက်ကို အတည်ပြုပြဌာန်းခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ယခုအကြိမ်အစည်းအဝေးအလှည့်ကျသဘါပတိနိုင်ငံ ဗင်နီဇွဲလားနိုင်ငံ သမ္မတ မာဒူရို က ဖက်မလိုက်လှုပ်ရှားမှုသည် ကမ္ဘာ့ multipolarizationဖြစ်စေရေးကို တွန်းအားပေးမည်ဖြစ် ကြောင်း ပြောကြားပါသည်။