"One Belt and Road" အဆိုပြုချက် တင်ပြခဲ့သည့် ၃နှစ်အတွင်း တရုတ်ပြည်သည် တလျှောက်လုံးက နိုင်ငံ ၃၀ကျော်နှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များကို ချုပ်ဆိုခဲ့ပြီ ဖြစ်ကြောင်း၊ တရုတ် ပုဂ္ဂလိကပိုင် ကုမ္ပဏီများသည် ၄င်းမဟာဗျူဟာ ကြံဆချက် ကို အားကိုးအားထားပြုပြီး အခြားနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကာ အကျိုးစွမ်း ဆောင်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရန် ရှေ့အလားအလာသစ်များ ရရှိ၍ တစ်လျှောက်လုံးက နိုင်ငံ အသီးသီးမှ ပြည်သူများနှင့် ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများကို အတူ မျှဝေခံစားကြ ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။
ပညာရှင်များက "One Belt and Road"တည်ဆောက်ရေးတွင် တရုတ် ပုဂ္ဂလိကပိုင် ကုမ္ပဏီများ၏ အကျိုးစွမ်းဆောင်မှုသည် မရှိမဖြစ်ပင် ဖြစ်ကြောင်း၊ အနာဂတ်တွင် အခြားနိုင်ငံများ၌ တရုတ် ပုဂ္ဂလိကပိုင် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အတွက် ပိုမိုကောင်းမွန်သော အခြေအနေကို ဆက်လက် ဖန်တီးပေးသင့်ကြောင်း ယူဆသည်။
"One Belt and Road" မဟာဗျူဟာ လက်တွေ့ဖော်ဆောင်မှု တွန်းအားပေးခြင်းသည် အခြား နိုင်ငံများတွင် တရုတ် ပုဂ္ဂလိကပိုင် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အတွက် ပလက်ဖောင်း ဖန်တီးပေးပြီး "One Belt and Road" တလျှောက်က နိုင်ငံနှင့် ဒေသများတွင် ရင်းနှီးမြှုပ်နှံရေး အခြေအနေကို ကောင်းမွန်စေကာ နိုင်ငံဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အန္တရာယ် လျှော့ချကြောင်း၊ တရုတ် ပုဂ္ဂလိကပိုင် ကုမ္ပဏီများသည် ပိုမိုများပြားသည့် ဖွံ့ဖြိုးရေး ရှေ့အလားအလာ ရရှိကြောင်း အကဲခတ်များက ယူဆကြသည်။
ယခု "One Belt and Road" နှင့် ပတ်သက်သော နိုင်ငံများတွင် တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ဘီလီယံ ၅၀ကျော် ရှိပြီ ဖြစ်ပြီး အလားတူ အချိန်က ကမ္ဘာပေါ်တွင် တရုတ်ပြည်၏ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏ၏ ၁၂ရာခိုင်နှုန်း ရှိကြောင်း တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ စာရင်းအရ သိရသည်။