ရခိုင်ပြည်နယ်ရှိ မှတ်ပုံတင်မထားသော ရေယာဉ်များ အရေးယူမည်

2016-09-21 09:56:01 |သတင်းအရင်းအမြစ် 新华网

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းရှိ မှတ်ပုံတင်မထားသော စက်တပ်ရေယာဉ်များ ကို အရေးယူမည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

အဆိုပါ စက်တပ်ရေယာဉ်များကို သွားရောက်စစ်ဆေးရာတွင် မှတ်ပုံတင်မထားသော ရေယာဉ်များစွာ တွေ့ပြီး တစ်ပတ်အတွင်း မှတ်ပုံတင်ပြုလုပ်ရန် ညွှန်ကြားထားကြောင်း၊ တစ်ပတ်အတွင်း ရေယာဉ်မှတ်ပုံတင် မပြုလုပ်သော ရေယာဉ်များကို ဒဏ်ကြေးငွေအပြင် ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်၌ တရားဝင်မှတ်ပုံတင်ထားသော စက်တပ်ရေယာဉ် အစီးရေ သုံးထောင်ကျော်ရှိပြီး ရေယာဉ်များ စည်းကမ်းတကျ ဝင်ထွက်သွားလာမှုကို သိရှိစေရန် မှတ်ပုံတင်ထားခိုင်းခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။(Xinhua)