၇၁ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ သက်ဆိုင်ရာအဆင့်မြင့်အစည်းအဝေး လီခေ့ချန်တက်ရောက

2016-09-21 10:44:12 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည်၊ ဒေသစံတော်ချိန် ၁၉ ရက်နေ့ နံနက်ပိုင်းက နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ၇၁ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဒုက္ခသည်နှင့် ဒုက္ခသည်အမြောက်အများ ရွှေ့ပြောင်းနေထိုင်မှု ပြဿနာဖြေရှင်းရေးဆိုင်ရာ အဆင့်မြင့်အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

ထိုသို့မိန့်ခွန်းပြောကြားခဲ့ရာ၌၊ ဝန်ကြီးချုပ် လီခေ့ချန်က၊ လက်ရှိအချိန်တွင် ဒုက္ခသည် နှင့် ရွှေ့ပြောင်းနေထိုင်သူပြဿနာ တစ်နေ့တခြားထင်ရှားပေါ်လွင်လာကြောင်း၊ ယခုအကြိမ် အစည်းအဝေးမှာ ကုလသမဂ္ဂတည်ထောင်ခဲ့သည့်နောက်ပိုင်းတွင် ကျင်းပသည့် ပထမဆုံး အကြိမ် ဒုက္ခသည်နှင့် ဒုက္ခသည်အမြောက်အများရွှေ့ပြောင်းနေထိုင်မှုပြဿနာဖြေရှင်းရေး ဆိုင်ရာ အဆင့်မြင့်အစည်းအဝေးဖြစ်ကြောင်း ပြောကြားခဲ့သည်။