ကာရှ်မီးယားအခြေအနေအပေါ် တရုတ်အာရုံစိုက်

2016-09-21 10:54:53 |သတင်းအရင်းအမြစ် 国际在线

ယမန်နေ့ ၁၉ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လုခန်းက တရုတ်ပြည်သည် ယခုလောလော ဆယ် ကာရှ်မီးယားဒေသအခြေအနေ တင်းမာမှု ဆက်တိုက်အရှိန်မြှင့်လာခြင်းပေါ် အာရုံစိုက်နေကြောင်း၊ သက်ဆိုင်ရာဘက်အသီးသီးတို့သည် ဆွေးနွေးရေးနည်းလမ်းဖြင့် သဘောကွဲလွဲမှုများ ဖြေရှင်းပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးကာ ဒေသတွင်း အေးချမ်းတည်ခြိမ်ရေးနှင့် လုံခြုံရေးကို အတူတကွ ထိန်းသိမ်းကြရန် မျှော်လင့်ကြောင်း ပြောကြားသည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။