တရုတ်၊ဖိလစ်ပိုင်ဆွေးနွေးပွဲကျင်းပရန် တံခါးအမြဲဖွင့်ဟု တရုတ်ဆို

2016-09-22 10:47:28 |သတင်းအရင်းအမြစ် 国际在线

 တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လို့ခန်းက၊ တရုတ်နှင့် ဖိလစ်ပိုင် အကြား စေ့စပ်ဆွေးနွေးပွဲကျင်းပရန် အစက အဆုံးအထိ တံခါးဖွင့်ထားကြောင်း ယမန်နေ့ ၂၀ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ဆက်လက်၍၊လို့ခန်းက၊တောင်ပင်လယ်ဆိုင်ရာဖိလစ်ပိုင်၏အနုညာတစီရင်ဆုံးဖြတ်မှု အပေါ် တရုတ်ပြည်၏ သဘောထားရပ်တည်ချက်သည် ရှင်းလင်းပြတ်သား ကြောင်း  ပြောကြားခဲ့သည်။