ဒေသတွင်းအေးချမ်းတည်ငြိမ်မှု ပါကစ္စတန်နှင့်အိန္ဒိယအတူတကွထိန်းသိမ်းရန် မျှော်လင့်ဟု တ

2016-09-23 11:09:33 |သတင်းအရင်းအမြစ် 国际在线

ယမန်နေ့ ၂၁ ရက်နေ့ကကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လုခန်းက အိန္ဒိယနှင့်ပါကစ္စတန်တို့သည် ဆွေးနွေးရေးနည်းလမ်းဖြင့် နှစ်ဖက်အကြားရှိ သဘောကွဲလွဲမှုများကို ကောင်းမွန်သင့်လျော် စွာ ဖြေရှင်းကာ ဒေသတွင်း အေးချမ်းတည်ငြိမ်မှုနှင့် လုံခြုံမှု ထိန်းသိမ်းရေးအတွက် အတူတကွ ကြိုးပမ်း ဆောင်ရွက်ကြရန် တရုတ်ပြည်မျှော်လင့်ကြောင်း ပြောကြားသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။