လီခေ့ချန်၏ ကနေဒါခရီး စတင်

2016-09-23 11:12:38 |သတင်းအရင်းအမြစ် 国际在线

ကနေဒါဝန်ကြီးချုပ် Justin Trudeau၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ဒေသစံတော်ချိန် ၂၁ရက်နေ့ညနေပိုင်းက အထူးလေယာဉ်ဖြင့် အော့တဝါမြို့တော်သို့ ရောက်ရှိခဲ့ပြီး ကနေဒါနိုင်ငံတွင် တရားဝင်ခရီးစတင်လှည့်လည် ခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

၎င်းသည် ၇၁ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အဆင့်မြင့် အစည်းအဝေး များသို့ တက်ရောက်ပြီးနောက် အော့တဝါသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။