ပိုးလမ်းမကြီး ငွေကြေးဖိုရမ် ကျင်းပ

2016-09-23 11:13:57 |သတင်းအရင်းအမြစ် 国际在线

စက်တင်ဘာ ၂၁ရက်နေ့က ၂၀၁၆ခုနှစ် ပိုးလမ်းမကြီး ငွေကြေးဖိုရမ်ကို တရုတ်ပြည် ရှင်းကျန်း ဝေဂါလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ အူလူမူချီမြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၂၀၁၃ခုနှစ်က တရုတ်ပြည်သည် ပိုးလမ်းမကြီး စီးပွားရေး လမ်းကြောင်းနှင့် ၂၁ရာစု ပင်လယ်ပြင် ပိုးလမ်းမကြီး တည်ဆောက်ရေး အဆိုပြုချက်ကို တင်ပြပြီး တလျှောက်လုံးက နိုင်ငံများမှ ကျယ်ပြန့်သော သဘောတူညီမှု၊ အသိအမှတ်ပြုမှုရရှိသည့် အပြင်၊ ၄င်းနိုင်ငံတို့ သည် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ လွန်ခဲ့သော ၃နှစ်ခန့် အတွင်း ၄င်းအဆိုပြု ချက်လက်တွေ့ဖော်ဆောင်ရေးတွင် အရေးကြီးသည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ ငွေကြေး ဆန်းသစ်တီထွင်မှုဖြင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးခြင်းသည် တစ်နေ့တခြား အရေးပါသော တွန်းအားပေးမှု အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်း၊ ၂၀၁၆ခုနှစ် ပိုးလမ်းမကြီး ငွေကြေး ဖိုရမ်သို့ တက်ရောက်သူများက One Belt and Road တည်ဆောက်မှုကို အဆက်မပြတ် တွန်းအားပေးသည်နှင့်အမျှ ဒေသတွင်း ပူးပေါင်းဆောင် ရွက်မှုနှင့် စီမံကွပ်ကဲမှု အားဖြည့်ဆောင်ရွက်ရေးသည် ငွေကြေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးသည့် အချက်ဖြစ်လာကြောင်း စီအာအိုင်က ရေးသား ဖော်ပြသည်။

၂၁ရက်နေ့က ကျင်းပခဲ့သော ပိုးလမ်းမကြီး ငွေကြေးဖိုရမ်တွင် ငွေကြေး လုပ်ငန်းဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက ငွေရေးကြေးရေးဖြင့် One Belt and Roadတည်ဆောက်မှု တွန်းအားပေးခြင်းသည် အရေးကြီးကြောင်း အလေးထား ဖော်ပြသည်။

မကြာမီ နှစ်များက တရုတ် ငွေကြေး လုပ်ငန်းဌာနများသည် One Belt and Road တည်ဆောက်မှုနှင့် ညီညွတ်စေရန် တက်ကြွစွာ ဆောင်ရွက်ပြီး ဒေသတွင်း ငွေကြေး ပူးပေါင်းဆောင်ရွက်မှုကို ဇောက်ချပြုလုပ်ခဲ့ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု အားဖြည့် ပြုလုပ်ရာတွင် ဒေသတွင်း ငွေကြေး စီမံကွပ်ကဲရေး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့် ပြုလုပ်ရန် လိုကြောင်း အကဲခတ်များက ယူဆကြသည်။